Thursday, June 17, 2010

ဖခင်များအားသတိရကြပါစို့ 












ပြီးခဲ့သည့် (၂)ရက်လောက်ကပေါ့…….

အမေ့ဆီက စာတစ်စောင်ရောက်လာသည်……..

                   သားနှင့်သမီးနေကောင်းကျန်းမာကြမယ်လို့မျှော်လင့်ပါတယ်…. မေမေတို့လည်း ကျန်းမာ ကြ ပါတယ်…    ဒါပေမဲ့ မင်းတို့အဖေဟာ အလုပ်လုပ် နိုင်တဲ့ခွန်အားမရှိတော့ဘူး…တို့တောင်ပေါ်ဆိုတာ သား တို့သိတဲ့ အ တိုင်း ခက်ခဲပါတယ်။  မင်းတို့အ ဖေဟာ…. ဟိုးအဝေးကြီးမှာ ရောက်နေကြတဲ့သား တို့အတွက် မနက်ညတိုင်း ဒူးထောက်ပြီး သားသမီးအားလုံးအတွက် ဆုတောင်းပေးပါတယ်… မင်းတို့အ ဖေဟာ ဟိုတစ် ချိန်ကတော့ ကျန်းမာသန်စွမ်းတဲ့သူ တစ်ယောက်ပါသားတို့ရေ…. အခုတော့ သားတို့အ တွက်ရှိ သမျှခွန် အားကို အသုံး ပြု ပြီး အလုပ်လုပ်နေရကား အရိုးပေါ်အရေတင် ဖြစ်နေပါပြီ….. မော ပမ်း ပြီးအားအင်မ ရှိ တော့ဘူး… မတတ်နိုင် သည့် အဆုံးမှာတော့ သားတို့ဆီတစ်ခါမျှ ပြောမည်ဟု မမျှော် လင့် ခဲ့ဖူးသော စကား လုံးတွေကို အလေးအ နက် ခက်ခက်ခဲခဲပြောရင်းတမ်းတ နေရရှာပါပြီ….အဲဒီစကား က တော့ . . . ငါ့သား တွေဆီမှာတော့ အချိုရည်၊နို့ဆီ၊ သကြားရှိကြမှာဘဲ” တဲ့။နေမကောင်းလို့ အစားမ၀င်သည့် အခါတိုင်း “ငါ့ သားသမီးတွေဆီမှာတော့ အသား၊ ငါးကလေး ရှာနိုင်ကြလို့ စားနေကြမှာဘဲ”တဲ့။ မင်းတို့အဖေဟာ သူတ ကာတွေလို ရှာစားနိုင် စွမ်း မရှိတော့ဘူး။ မျက်စိကမြင်နေပေမဲ့၊ပါးစပ်ကစားနေချင်ပေမဲ့ လုပ်နိုင် စွမ်းမရှိ တော့ဘူးလေ။အထူးသဖြင့် သား သမီးတွေနှင့် စည်ကားခဲ့သော သူ့ထမင်းစားဝိုင်းမှာ ဘယ်သူမှ မရှိကြ တော့ဘူးလေ။ဖေဖေနှင့်မေမေ… နှစ် ယောက်ထဲပေါ့။ တစ်မနက်မှာတော့. . . မင်းတို့ဖေဖေဟာ ထမင်းစား ရင်း “ငါသား၊သမီးတွေ”လို့ပြောရင်း မျက်ရည်ဝဲလာ လို့ မေမေပါ လိုက်ငိုမိသည်…. ဖေဖေနှင့်မေမေက မင်းတို့ကို ပြန်မတွေ့နိုင်တော့ဘူးဆိုတဲ့ အတွေးကြောင့်လည်းဖြစ်မှာပါ… ဖေဖေမေမေတို့က အသက် အ ရွယ်ကြီးလာကြပြီလေ….. ဘယ်လိုဘဲ ဖြစ်ဖြစ် သားသမီးတို့ ကျန်းမာကြတဲ့အကြောင်း ကြားရရင် ကျေ နပ်ကြပါတယ်…. ဒီဘ၀မှာ ပြန်မဆုံနိုင် ကြရင်တောင် အဖဘုရားရှင်ရဲ့ အိမ်တော်မှာ ဖေဖေ၊မေမေ တို့စောင့်နေကြမှာပါ… ဘ၀အတွက်ရုန်းကန်ရင်း ဘုရားသားပီပီ အသက်ရှင်လျှောက်လှမ်းကြပါလို့ မေမေ၊ဖေဖေ မှာချင်ကြပါတယ်။

သားသမီးအားလုံးနေကောင်းကျန်းမာနိုင်ကြပါစေ…..

ချစ်သော ဖေဖေနှင့်မေမေ

Dai Thang